မိုးမိတ်မြို့နယ်အတွင်း နောက်ဆုံးအကြိမ်မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုအား ကွင်းဆင်းစစ်ဆေး

မိုးမိတ်  အောက်တိုဘာ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နောက်ဆုံးအကြိမ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန် ကြေညာလျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် စာရင်းကြေညာထားရှိမှုများကို အောက်တိုဘာလ ပထမပတ်မှစတင်၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိသည်။

အောက်တိုဘာ () ရက်နေ့တွင် မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာအုပ်စု၊ မိုးဘုံကျေးရွာအုပ်စုနှင့် မန်ပတ်ကျေးရွာအုပ်စု ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကြေငြာထားရှိမှုများကို မြို့နယ်ရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များသည် အဆိုပါကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မဲဆန္ဒရှင် စာရင်းများကပ်ထားသည့်အချိန်တွင် မိမအမည်ပါ မပါ အချက်အလက်များ မှားယွင်းနေခြင်းများ ပြည်သူများမှ မဲဆန္ဒရှင်စာရင်းများကို ပြင်ဆင်ခြင်း၊ ထည့်သွင်းလိုခြင်း၊ ပယ်ဖျက်ရန် လိုအပ် မှုများအပေါ် ကျေးရွာကော်မရှင်အဖွဲ့ခွဲများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မိုးမိတ်မြို့နယ် အတွင်း နောက်ဆုံအကြိမ်ကပ်ထားကြေညာသည့် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် စာရင်းမှာ မဲဆန္ဒရှင်ပေါင်း (၄၇၅၉၉) ဦး ရှိကြောင်း သိရသည်။

 မိုးမိတ်သား (စည်သူဌေး)