ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမိသားစုမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများပေးအပ် လှူဒါန်း

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးဌာန မိသားစုများမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် အထောက်အကူပြု ပစ္စည်းများအား ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြို့နယ်ဆေးရုံနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့်နေရာများသို့ သွားရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။

လှူဒါန်းရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ငွေကျပ် ၃၅၄၂၀၀/-တန်ဘိုးရှိ လက်သန့်ဆေးရည်ဘူးသေး (၁၅၀)ဘူး၊ PPE (Level -3)ဝတ်စုံ(၇)စုံ၊ Dettol (4L) (၇)ပုံး၊ အရက်ပျံ (4L) (၇)ပုံး၊ Mask (၇)ဘူး၊ ဖြန်းဆေးဘူး (၇)ဘူး၊ လက်အိတ် (၇)ထုပ် တို့ကိုလည်းကောင်း၊  မြို့နယ် ဆရာ ဒကာဘုန်းတော်ကြီး ကျောင်းများအတွက်  လှူဒါန်းငွေ  (၁၅၀၀၀၀)ကျပ်၊ မြို့နယ် ပညာရေးမှူးရုံးသို့  ငွေကျပ် ၃၅၀၀၀/- တန်ဘိုးရှိ   ရောဂါ ကာကွယ်၊   ထိန်းချုပ်ရေး လုပ်ငန်းသုံး အထောက်  အကူ ပြုပစ္စည်းများကို လည်းကောင်း၊  မြို့နယ် ဆေးရုံသို့  ငွေကျပ်  ၁၂၅၀၀၀/- တန်ဘိုးရှိ  PPE  (Level-3)  ဝတ်စုံ  (၁၀)စုံ ကိုလည်းကောင်း၊ မြို့နယ်ရှိ  “မေတ္တာအလင်းရောင်” ရှင်ရေး ကူညီမှု ပရဟိတအသင်းသို့  ငွေကျပ်  ၁၃၈၀၀၀/-  တန်ဘိုးရှိ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီ အသင်းသို့ PPE၊ ဆေးဖြန်းပုံး၊ လုပ်အားပေးလူငယ်များအတွက် ငွေကျပ် ၅၀၀၀၀/-အပါအဝင် လှူဒါန်းမှု တန်ဘိုး  ၁၄၇၈၀၀/-နှင့် မြို့နယ် မီးသတ် လုပ်အားပေးများအတွက် လှူဒါန်းငွေ ကျပ် ၅၀၀၀၀/-  အပါအဝင် စုစုပေါင်း လှူဒါန်းမှု တန်ဘိုး ကျပ် ၁၀၀၀၀၀၀/- (ဆယ်သိန်း)တန်ဖိုးရှိ ပစ္စည်းနှင့်အလှူငွေများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ မြို့နယ် ပညာရေးမိသားစုမှ ကိုယ်တိုင် သွားရောက် လှူဒါန်းပေးခဲ့ကြ ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)