မြောက်ဥက္ကလာပ ဩဂုတ် ၁၂
ကလေးငယ်များအား ဗီတာမင်အေပြည့်ဝပြီး ကျန်းမာသော ကလေးငယ်များ ဖြစ်နိုင်ရေးအတွက် အသက်(၆)လမှ (၅)နှစ် အတွင်း ကလေးငယ်များအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန်အရှေ့ ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းရပ်ကွက်၊ မိသားစုဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
ဗီတာမင်အေပြည့်ဝသော ကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊ မျက်စိအမြင် အားကောင်းခြင်း၊ ဗီတာမင်အေ ချို့တဲ့သော ကလေးများသည် ပုံမှန်မကြီးထွားနိုင်ခြင်း၊ မကြာခဏ ဖျားနာတတ်ခြင်း၊ ရောဂါဖြစ်လျှင် ပြင်းထန်ပြီး အသက်အန္တရာယ် ကြုံတွေ့နိုင်ခြင်း၊ ကြက်မျက် သင့်ရောဂါ ဖြစ်တတ်ခြင်းနှင့် အပြင်တိမ်စွဲ၍ မျက်စိကွယ် တတ်ခြင်း စသည့်ရောဂါများ ဖြစ်နိုင်ကြောင်း သိရ သည်။
မြမြဝင်း(ပြန်/ဆက်)