ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှဦးဆောင်၍ ကျောက်ပန်းတောင်းမြို့ အ.ထ.က ကျောင်းများတွင် Mask Campaing ပြုလုပ်ခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံအတွက် PPE ဝတ်စုံ (၅၀) လှူဒါန်း

ကျောက်ပန်းတောင်း ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့် ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၈) နာရီခွဲအချိန်က ကျောက်ပန်းတောင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၄) ကျောင်းတွင် Mask Campaing ပြုလုပ်ပြီး မြို့နယ်ပြည်သူ့ ဆေးရုံအတွက် PPE ဝတ်စုံ (၅၀) ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်စိန်ဦးဆောင်သည့် အဖွဲ့ဝင်များသည်၊ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်ထွေးရီနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ကျောက်ပန်းတောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူ (၆၀၀) ကျော်အတွက် ပြန်လည်လျှောက်ဖွတ်အသုံးပြုနိုင်သည့် အဝတ်နှာခေါင်းစည်း (၆၀၂) ခု၊ လေးရွာ အ.ထ.ကအတွက် အဝတ်နှာခေါင်းစည်း (၉၄) ခု၊ မြို့ရှေ့ အ.ထ.က အတွက် အဝတ်နှာခေါင်းစည်း (၃၀၈) ခုနှင့် အမှတ် (၂) အ.ထ.က အတွက် အဝတ်နှာခေါင်းစည်း (၅၃၃) ခုတို့ကို မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်အေးနှင့် သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများထံပေးအပ်ခဲ့၍ ကျောင်းသား၊ ကျောင်းသူများထံ ဝေငှခဲ့ကြပြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ (၅၀) ကို ညောင်ဦးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နနးဆိုင်စိန်နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်ထွေးရီတို့က မြို့နယ်ဆရာဝန်ကြီးကိုယ်စား မြို့နယ်ကျန်းမာရေးမှူး (၁) ဦးလှဟံထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေလှူဒါန်းမှုကို ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်း ဆိုင်စိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်တင်ထွေးရီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ လိုက်ပါခဲ့ကြပြီး၊ အဝတ်နှာခေါင်းစည်း စုစုပေါင်း (၁၅၃၇) ခု ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)