နမ့်မော်ဆွမ့် အခြေခံပညာ အလယ်တန်းကျောင်းဝင်းအတွင်းသန့်ရှင်းရေး ဆောင်ရွက်

မိုးနဲ   ဩဂုတ်   ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် နမ့်မော်ဆွမ့် ကျေးရွာ အုပ်စု အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့ ပူးပေါင်း၍ ပြည်သူ့အကျိုး ပြု အဖြစ် ကျောင်းဝင်း အတွင်း/အပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ကိုကိုသက် နှင့်မီးသတ်တပ်ဖွဲ့ဝင်များ ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာကျော်နှင့် ဆရာ/ဆရာမများက ကျောင်းဝင်းအတွင်းအပြင်ရှိ ပေါင်းမြက် များ၊ ချုံနွယ်များနှင့်သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း ကိုပူးပေါင်းပါဝင် ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)