ကျိုက္ခမီအသင်း(ရန်ကုန်)နှင့်အထက်တန်းကျောင်းတို့ပူးပေါင်း၍ စာစီစာကုံးပြိုင်ပွဲဆုချီး မြှင့်ပွဲအခမ်းအနားကျင်းပ

သံဖြူဇရပ်    အောက်တိုဘာ    ၂၇

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်ကျိုက္ခမီ အသင်း(ရန်ကုန်)နှင့်ကျိုက္ခမီမြို့ အခြေခံပညာ အထက်တန်း ကျောင်းတို့ ပူးပေါင်းကျင်းပသော တတိယအကြိမ်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ၂၆ မွန်းလွဲပိုင်းက ကျိုက္ခမီမြို့အခြေခံပညာ အထက်တန်း ကျောင်း(ပညာ့ဗိမာန်)ခန်းမ၌ကျင်းပပြုလုပ်ရာ သံဖြူဇရပ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး၊ ကျိုက္ခမီအသင်း(ရန်ကုန်)  ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အ.ထ.က(ကျိုက္ခမီ) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာများ မြို့ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သံဖြူဇရပ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ ကျိုက္ခမီအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဒေါ်အေးအေးသန်းနှင့် အတွင်း‌ရေးမှူး ဦးဝင်းနိုင်တို့က အဖွင့်အမှာ စကားပြောကြားပြီး၊ "စာကြည့်တိုက်နှင့် ပညာ၏တန်ဖိုး" ခေါင်းစဥ်ဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၇၅)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရ ကျောင်းသား/သူများအား တာဝန်ရှိသူတို့ကဆုများ အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)