ပလောက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် စက်ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပလောက် အောက်တိုဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ပ လောက်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် စက်ကိုင်ကွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက ပလောက်မြို့ ရွှေသီလာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်းက အဖွင့်အမှာစကား  ပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်လွင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် အသုံးပြု၍ မဲပေးခြင်း ရည်ရွယ်ချက်၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ မဲပေးစက်များကို ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလဒ်များ၊ မဲပေးစက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် အခမ်းအနားကို တက်ရောက်လာကြသည့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှမြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ရပ်ကျေးကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ၊ နိုင်ငံရေး ပါတီများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တွင် လက်တွေ့ သရုပ်ပြ စမ်းသပ်မဲပေးခြင်း၊ တာဝန်ရှိသူများက မဲရလဒ်များ ထုတ်ယူကြည့်ရှု စစ်ဆေးခြင်းများကို သရုပ်ပြသကြောင်း သိရသည်။

ပုလောမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်သင်တန်းကို သင်တန်းနည်းပြ  ၁ ဦးက  သင်တန်းသူ /သင်တန်းသား ၃၄ ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပလောက်(ပြန် / ဆက်)