၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်

ကသာ အောက်တိုဘာ ၂၈

ကသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်များ ဖွင့်ဖောက်စစ်ဆေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကသာမြို့ ခမရ (၃၀၉) ခြေမြန်တပ်ရင်းအတွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ၌ အသုံးပြုမည့် MEVM မဲပေးစက်များအား တစ်လုံးခြင်း ဖွင့်ဖောက်စစ်ဆေးရာတွင် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ ပြည့်စုံခြင်းနှင့် မှန်ကန်မှုရှိ/မရှိတို့ကို ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှု အဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြု အဖွဲ့ဝင်များက ဖွင့်ဖောက်စစ်‌ဆေး ခဲ့ကြသည်။

အဆိုပါ MEVM မဲပေးစက်ဖွင့်‌ဖောက်စစ်‌ဆေးရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မြန်မာအီလက်ထရောနစ်မဲပေးစနစ်ဆိုင်ရာကြီးကြပ်မှုအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြု အဖွဲ့ဝင်များက ကြည့်ရှုစစ်‌ဆေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)