ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အောင်သုခ)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းများနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ဒက္ခိဏ အောက်တိုဘာ   ၂၈

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အထများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိပြီး ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် ရည်ရွယ်ကာ  ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနံရံကပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းများကို ယနေ့နံနက် ၉ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(အောင်သုခ)၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက စာဖတ်ရှန်မြှင့်တင်လှုပ်ရှားမှုဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍  မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက  စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောကြားခဲ့သည်။

ထို့နောက်   စာရေးဆရာ ညီညီဈာန် ရေးသားသည့် ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း စာအုပ်ပါ မိမိကိုယ်ကို တန်ဖိုးထားပါ  ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သုတ၊ ရသ စာအုပ်၊ စာစောင်များကို စိတ်ဝင်တစား ဖတ်ရှုလေ့လာခြင်း၊ စာဖတ်ရှန်မြှင့်တင်ရေး အသိပညာပေး  နံရံကပ်စာစောင်၊ လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စား လေ့လာကြည့်ရှုခြင်း၊ Memoery Game ကစားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်အရေး အသိပညာပေးဟောပြောခြင်း၊ လူငယ်စာဖတ်ဝိုင်း၊ ပြပွဲ ပြိုင်ပွဲများကို ပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်၍လည်းကောင်း၊ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ လည်းကောင်း စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)