ဘိုကလေး အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာအုပ်စု၊ ဘူရားသုံးဆူကျေးရာတွင် ယခုနှစ် စက်တင်ဘာ (၁၃) ရက်နေ့မှစတင်၍ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဘုရားသုံးဆူ-သမ္ဘာန်ကွဲ မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁)နာရီ အချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ် တည်ဆောက်ရေးလုပ်ငန်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဖြစ်ပြီး လိုအပ်သည်များအား လုပ်ငန်းတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့သည်။
ယခုဆောင်ရွက်နေသည့် ဘုရားသုံးဆူ-သမ္ဘာန်ကွဲ မြောင်းတူးဖော်ခြင်း လုပ်ငန်းသည် အလျား(၈၀၀၀)ပေ၊ ထိပ်ဝအကျယ်(၂၇)ပေ၊ အောက်ခြေအကျယ်(၁၇)ပေ၊ ပျမ်းမျှအမြင့်(၅)ပေ၊ မြေကြီးကျင်း(၇၄၅၆)ကျင်းအား ခွင့်ပြုရန်ပုံငွေ (၇၀)ကျပ်သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြောင်းတူးဖော်ခြင်းလုပ်ငန်းပြီးစီးပါက လယ်ဧက (၁၀၀၀) အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)