Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဖွင့်လှစ်မှုကြည့်ရှုပြီး Training on Basic Statistic with Report…
Nov 30,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ချင်းပြည်နယ်သမဝါယမဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးစီမံကိန်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်လှစ်နေမှုကို နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ညှိနှိုင်း အစည်းအဝေး အ.ထ.က-ပထက်ကျောင်း၌ ကျင်းပ
Nov 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အ.ထ.က-ပထက်ကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျေးရွာလူလျှောက်လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Nov 30,2024
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၁၀၃) သန်းဖြင့် ထောင်ခမက်ကျေးရွာအုပ်စု၊ ကလန်းချောင်းကျေးရွာတွင် လူလျှောက်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများအဖွဲ့မှ နိုဝင်ဘာ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Nov 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၅/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ အမှတ် (၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး လယ်ဝေးမြို့နယ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအား က…
Nov 30,2024
နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် နိုဝင်ဘာ ၂၈ ရက်နေ့က ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နေပြည်တော်တိုင်းညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင့်၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ပန်းအလှပြင် သင်တန်းဖွင့်လှစ…
Nov 30,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဖျာပုံခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ပန်းအလှပြင်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Nov 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း၌ ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ် (၅/၂၀၂၄) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းရှိ စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်မတော်အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၇၇)ဦး တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ Grade-11 နှင့် Grade-12 သင် ဆရာ၊ ဆရာမများအား ဥပဒေအသိပညာပြန့်ပွားရေးဆရာအဖြစ် သင်တန်းဆင်းပွဲနှင့် ကချင်ပြည်နယ်ဒေသဆိုင်…
Nov 30,2024
ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံးက ကြီးမှူး၍ ပြည်နယ်အတွင်းရှိ Grade-11 နှင့် Grade-12 သင် ဆရာ၊ ဆရာမများအား ရက်သတ္တပတ်နှစ်ပတ်ကြာ ဖွင့်လှစ်ပေးခဲ့သော ဥပဒေအသိပညာပြန့်ပွားရေးဆရာအဖြစ် သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2511
Page
2512
Page
2513
Page
2514
Current page
2515
Page
2516
Page
2517
Page
2518
Page
2519
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department