အမြို့မြို့အနယ်နယ်သတင်းများ

Oct 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ငရုတ်ကောင်းမြို့မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြပြီး ရပ်ကွက်နေပြည်သူများအား မီးဘေး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
Oct 31,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းသဖြင့် ကွမ်းစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန်မျှော်လင့်လျှက်ရှိကြောင်း ကျားကာ ကျေးရွာမှ ကွမ်စိုက်တောင်သူ များထံမှသိရှိရသည်။
Oct 31,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည် သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့်  ကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး လျက်ရှိကြောင်း သိရသည်။
Oct 31,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူ များသည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ထောပတ်ပင် စိုက်ပျိုး ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
Oct 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။
Oct 31,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းများနှင့် ဟိုတယ်/တည်းခိုခန်း လုပ်ငန်းများအား ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မော်မော်ခိုင် တို့ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Oct 31,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်သင်ပျိုကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်းသိရှိရသည်။
Oct 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Women Club အဖွဲ့မှ စာရေးဆရာ‌ဒေါက်တာ မတင်ဝင်း၏“လွတ်လပ်ပေါ့ပါးသောစိတ်ရှိပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့သည်။