မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှကြီးမှူး၍ World AIDS Day အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ရန်ကုန်မြို့ရှိ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်စုဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။