Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ဇွဲကပင်ပလာဇာအဆင့်မြင့် ဈေး(မြေညီထပ်) ဖွင့်လှစ်၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၂)…
Nov 01,2025
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် UHM ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဘားအံမြို့၏ပထမဆုံး အဆင့်မြင့်ဈေးဝယ်စင်တာဖြစ်သော ဇွဲကပင်ပလာဇာ (မြေညီထပ်)ဖွင့်ပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ ကြီးဘေးရှိ အဆိုပါဈေးဝယ်စင်တာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့တွင် ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး
Nov 01,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကော့သောင်းခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ ပြုလုပ်
Nov 01,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုသည် ကော့သောင်းခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့် အဓိကသီးနှံများပန်းတိုင် အထွက်နှုန…
Nov 01,2025
စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးနှင့်အဓိက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ကော့သောင်းမြို့တွင် ကျင်းပသည့် ဘင်ခရာစွမ်းရည်ပြပွဲနှင့် တွေ့ဆုံပွဲသို့တက်ရောက်
Oct 31,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့စွမ်းရည်ပြပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ ကော့သောင်းမြို့နယ် ဘင်ခရာအဖွဲ့ဝင်များ၊ နည်းပြများတက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို၊ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သန့်စင်စက်ထားရှိနိုင်ရေးကွင်းဆင်းကြည့်ရှု
Oct 31,2025
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်မှတာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ယနေ့နံနက်ပိုင်းကသွားရောက်၍ ပြည်သူ့ဆေးရုံအတွင်းကျောက်ကပ် သန့်စင်စက်ထားရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)စား ရေရိက္ခာဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေး
Oct 31,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စားရေရိက္ခာ ဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်း၊ ဆောင်းသီးနှံမျိုးစေ့များ ချီးမြှင့်ပေးအပ်ခြင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇)နှစ်မြ…
Oct 31,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်သည့် မိုးစပါး စံကွက်ရိတ်သိမ်းခြင်းနှင့် ဆောင်းသီးနှံမျိုးစေ့များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူလယ်သမား များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2502
Page
2503
Page
2504
Page
2505
Current page
2506
Page
2507
Page
2508
Page
2509
Page
2510
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department