ပုသိမ်ကြီးမြို့နယ်ရှိ စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းများ၊ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချရေး ကွင်းဆင်းဆောင်ရွက်

ပုသိမ်ကြီး  အောက်တိုဘာ ၃၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အတွင်းရှိ စားသောက်ဆိုင်လုပ်ငန်းများနှင့် ဟိုတယ်/တည်းခိုခန်း လုပ်ငန်းများအား ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းဆွေးနွေးခြင်းများကို ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်မော်မော်ခိုင် တို့ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ အောက်တိုဘာ ၂၉ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့် ပျက်ကွက်မှုများအပေါ် ဒဏ်တပ်ရိုက်နိုင်မှု အခြေအနေများကို အသေးစိတ်ရှင်း လင်းခဲ့ရာ လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့မှုအပေါ် မြို့နယ် အခွန်ဦးစီးဌာနမှူးမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။ ၎င်းနောက် လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်