ကိုကိုးကျွန်း အောက်တိုဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် Women Club အဖွဲ့မှ စာရေးဆရာဒေါက်တာ မတင်ဝင်း၏“လွတ်လပ်ပေါ့ပါးသောစိတ်ရှိပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူး ဒေါ်အေးမြင့်သူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြင့် ဒုတိယဦးစီးမှူးနှင့် WomenClub အဖွဲ့ဝင်များကအဆိုပါစာအုပ်မှကျေးဇူးတင်တတ်တဲ့အလေ့အကျင့်ခေါင်းစဉ်နှင့် စိတ်အဆာခေါင်းစဉ်များဖြင့် အကြောင်းအရာများကိုအချင်းချင်းအပြန်အလှန် မိမိတို့ထင်မြင်ယူ ဆချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းများကျင်းပပေးခြင်းကြောင့်Clubအဖွဲ့များ တစ်ဦးနှင့်တစ်ဦးရင်းနှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း၊ စာဖတ်အားပိုမိုကောင်းမွန်လာခြင်း စသည့်အကျိုးကျေးဇူး များရရှိကြောင်းသိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)