အမြို့မြို့အနယ်နယ်သတင်းများ

Dec 04,2024
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အစိုးရဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီ အချိန်က သရက်မြို့ ရွှေစင်ငွေစင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
Dec 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အတွင်းရှိ ကလေးငယ်များ ကျန်းးမာသန်စွမ်း၍ဉာဏ်ရည်ဖွံ့ဖြိုးစေရန် လစဥ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီက တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
Dec 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန်နှင့် ကုန်စျေးနှုန်းများ တည်ငြိမ်စွာရောင်းချ​နိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍ အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာ ရောင်းချခြင်းအား ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခွန်လွတ်စျေး၌ ကြက်သား၊ ငါးပုတ်သင်နှင့် ကြက်ဥ၊ ဘဲဥများအား ပြင်ပပေါက်စျေး​ထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Dec 04,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာကျောင်းအခြေပြု၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)နှင့် ဆုံဆို့၊ မေးခိုင်(DT)ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ထိုးနှံပေးခဲ့သည်။
Dec 04,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင်၊ ၂၀၂၅ ခုနှစ် ​ဇန်နဝါရီလ ၄ ရက်​နေ့တွင် ကျ​ရောက်မည့် (၇၇)နှစ်​မြောက် လွတ်လပ်ရေး​နေ့အထိမ်းအမှတ် မူလတန်းအဆင့်  နှုတ်မှုစွမ်းရည်ပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ နံနက် ၉ နာရီက အ​ခြေခံပညာအထက်တန်း​ကျောင်း(တာလေ)၌  ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Dec 04,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြိုနယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ အမြဲတမ်းမသန်စွမ်းမှုအတွက် အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
Dec 04,2024
မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မကွေးတိုင်းဒေသကြီး၊  ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ပြုလုပ်သည်။