Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းယောင်းမြို့၌ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းကျင်းပ
Nov 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် တပ်နယ်/တပ်ရင်းမိသားစုများ၊ အလှူရှင်များ၏ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့၌ အမှတ်(၂)ရပ်ကွက်အလှည့်ကျ ပွဲတော်ကျင်းပရေးကော်မတီ၏ (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်လှူဒါန်းရေစက်ချ အခမ်းအနား
Nov 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့မြို့မနောင်ကွတ်ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သောပင်လုံမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ကထိန်ခင်းပင့်ကျောင်း(၁၀)ကျောင်းနှင့် အရံပင့်ကျောင်း(၇)ကျောင်းအားကထိန်လျာသင်္ကန်း၊ အရံသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းသည့် (၆၀)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော် လှူဒါန်းရေစက်ချ အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Nov 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အခွန်ထမ်းပြည်သူများနှင့် လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နန်းယွန်းမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်း ဖွင့်ပွဲကျင်းပ
Nov 03,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွင်း ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု “ဆိုင်ကယ်ပြုပြင်နည်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က နန်းယွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့ နဂါးရုံမဟာဗောဓိစေတီတော်၌ (၅၅)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကျင်းပ
Nov 03,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်တွင် တည်ထားကိုးကွယ်သော နဂါးရုံမဟာ ဗောဓိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ (၅၅) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ စေတီတော် ပညာဓိကတန်ဆောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာ ကျွေးမွေးဧည့်ခံ
Nov 03,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် တန်ဆောင်တိုင်ပွဲတော် စတုဒီသာကျွေးမွေးခြင်း (ပထမနေ့) အား နိုဝင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်အောက်ထပ်ရှိ စိတ္တသုခခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ တတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော်ကျင်းပ
Nov 03,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော တတိယအကြိမ် ဟိန္ဒူရိုးရာ “ဒီပါဝလီ” ဆီမီးထွန်းပွဲတော် အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီအချိန်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမာခရစ္စနားမစ္စရှင်ဘုရားရှစ်ခိုးဝတ်ပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဗဟိုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဟိန္ဒူဘာသာမှ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့၌ တစ်အိမ်ထောင်လျှင် သစ်မာတစ်ပင်စိုက်ပျိုးခြင်း အကောင်အထည်ဖော်ဆောင်
Nov 03,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဗျိုက်အုပ်စု၊ အနောက်စု ကျေးရွာ၌ တစ်အိမ်ထောင်လျှင် သစ်မာတစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2495
Page
2496
Page
2497
Page
2498
Current page
2499
Page
2500
Page
2501
Page
2502
Page
2503
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department