ငဖဲ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့မရပ်ကွက်နှင့် ကျောင်းတွင်းရပ်ကွက်အတွင်းရှိ ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မြို့လုံးကျွတ် ဌာနဆိုင်ရာစုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ ကထိန်ပွဲကျင်းပပြုလုပ်မည့် ကျောင်းတွင်းရပ်ကွက်ရှိ ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးကျောင်းသို့ စီတန်းလှည့်လည် ကျင်းပပို့ဆောင်ခဲ့သည်။
အဆိုပါ ဘုံကထိန်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်များမှ ပဒေသာပင် (၂၁)ခု၊ ပစ္စည်းတန်ဖိုး (၁၉၂၆၀၀၀)၊ ငွေတန်ဖိုး (၇၁၁၈၀၀၀) စုစုပေါင်းတန်ဖိုး (၉၀၄၄၀၀၀)ကျပ် စိုက်ထူလှူဒါန်းပြီး နိုဝင်ဘာလ ၄ ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ မွန်းလွဲ ၂ နာရီတွင် ကုန်းမြင့်ရတနာဘုန်းတော်ကြီးကျောင်း၌ ကထိန်တရားတော်မြတ်ကို နာယူပြီး ကထိန်ညှပ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စာရေးတံမဲ ပြုလုပ်၍ လှူဒါန်းသွားမည်ဖြစ်ပြီး လှူဒါန်းမှုအစုစုကို ရေစက်ချအခမ်းအနား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)