၂၀၂၅ ခုနှစ် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဒုတိယရက်တွင် ဈေးလာရောက် ဝယ်ယူသူ ပြည်သူများဖြင့် စည်ကား

ရန်ကုန် နိုဝင်ဘာ ၄

၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ဒုတိယရက် နိုဝင်ဘာလ (၂) ရက်နေ့ ညပိုင်းက ဈေးလာရောက် ဝယ်ယူသူ ပြည်သူများဖြင့် စည်ကားလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့နေ အများပြည်သူများနှင့်အတူ နိုင်ငံခြားသားများကလည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ထို ၂၀၂၅ ခုနှစ် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲသို့  ပြည်သူအများအပြား လာရောက်ကြပြီး မီးပုံးပျံများ လွှတ်တင်သည့်အချိန်နှင့် အလှဆင်မီးများဖြင့် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ ရုပ်ပြောင်ပန်းချီဆွဲခြင်း၊ နိုင်ငံကျော်တေးသံရှင်များက တေးသီချင်းများ၊ ဒီဂျေ(D၂)များ ဖြင့် ဖျော်ဖြေတင်ဆက်မှုများကို လူငယ်လူရွယ်အများအပြားက ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဖြင့် အတူလိုက်ပါသီဆို ကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာဆင်နွှဲကြသည်။

ထို့ပြင် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက်စသည်တို့ကို ရောင်းချနေမှုများကိုလည်း ဝယ်ယူအားပေးကြသူများဖြင့် အထူးစည်းကားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကြပြီး ဈေးရောင်းချနေမှုများနှင့် ဈေးဝယ်လာသူများ၊ ပွဲတော်သို့ လာရောက်လည်ပတ်ကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ကိုယ်တိုင်လည်း ဝယ်ယူအားပေးကြ သည်။

အဆိုပါ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ()ရက်နေ့အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁ဝ) နာရီအထိ ကျင်းပသွားမည်ဖြစ်​ပြီး အလှူရှင်များက နံနက်၊ နေ့လည်နှင့် ညပိုင်းများတွင် စတုဒိသာ အကျွေးအမွေးများဖြင့် ကျွေးမွေးခဲ့ပြီး ပွဲတော်လာပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)