ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) ကျင်းပ

လွိုင်ကော်  နိုဝင်ဘာ 

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။

ဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်အတွင်းရှိ လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများတွင် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက်မှုရှိစေရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အတွင်း ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများတွင် မူလရင်းနှီးမြှုပ်နှံသူများကိုလုပ်ငန်းများတိုးတက်ရေးနှင့် ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးရန်နှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များကိုလည်းဖိတ်ခေါ်ရန် သက်ဆိုင်ရာဌာနတာဝန်ရှိသူအားလုံးက ပေါင်းစပ်ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များအရည်အသွေးပြည့်မီရေး၊ တင်ပို့ရောင်းချမှုစနစ်တကျရှိစေရေး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူးက အစည်းအဝေး အမှတ်စဉ်(/၂၀၂၅) ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံနှင့် စီးပွားရေးအခွင့်အလမ်းများဆွေးနွေးပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)