ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်အမှတ်(၂)တံတား ရေလယ်တိုင် ဘိုးပိုင်ရိုက်သွင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့၌ ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွ

မြစ်ကြီးနား နိုဝင်ဘာ ၆

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ရှိ ဗလမင်းထင်အမှတ်(၂) တံတား ရေလယ်တိုင် အမှတ်(၅) ဘိုးပိုင်ရိုက်သွင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် ရိုးရာကောက်သစ်စားပွဲနှင့် လူမျိုးပေါင်းစုံယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို နိုဝင်ဘာ ၅ ရက်က ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)က တာဝန်ယူ တည်ဆောက်လျက်ရှိသော မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ ဗလမင်းထင်တံတား အမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်ပြီး ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တံတားအထူးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးတို့က အမှတ်(၂)တံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများအတွက် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ရေလယ်တိုင်အမှတ် (၅)နှင့် အမှတ်(၆)တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြရာ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် အမြန်ရေယာဉ်များဖြင့် ရေလယ်တိုင်အမှတ် (၅) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြပြီး တာဝန်ရှိသူများက လုပ်ငန်းခွင်အတွင်း ရေလယ်တိုင် ဘိုးပိုင်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ယခုလအတွင်း ကျင်းပပြုလုပ်သွားမည့် ၂၀၂၅ ခုနှစ်၊ ရိုးရာကောက်သစ်စားပွဲတော်နှင့် ဌာနေတိုင်းရင်းသားမျိုးနွယ်စုများနှင့် လူမျိုးပေါင်းစုံပါဝင်သည့် ရိုးရာယဉ်ကျေးမှုဖလှယ်ပွဲ ကျင်းပနိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာကောက်သစ်စားပွဲကို နှစ်စဉ် ရိုးရာအစဉ်အလာနှင့်အညီ အားလုံးပါဝင်ပြီး အနှစ်သာရရှိရှိ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်သွားကြရမည်ဖြစ်သည့်အပြင် လူမျိုးပေါင်းစုံ ယဉ်‌ကျေးမှုဖလှယ်ပွဲကိုလည်း ဌာနေတိုင်းရင်းသားမျိုးနွယ်စုများအပြင် အခြားသော တိုင်းရင်းသားများအားလုံးပါဝင်နိုင်ရေး စီစဉ်ဖိတ်ကြားပြီး မိမိတို့၏ ရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်း၍ ပိုမိုချစ်ခင်စည်းလုံးသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေး အဓိပ္ပါယ်ပြည့်ဝစွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မနောကွင်း မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်မည့် ရိုးရာကောက်သစ်စားပွဲနှင့် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသွားမည့် လူမျိုးပေါင်းစုံ ယဉ်ကျေးမှုဖလှယ်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ဖြည့်ဆည်းပံ့ပိုးပေးရမည့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်များ အေးချမ်းလုံခြုံစွာကျင်းပနိုင်ရေး၊ အဓိပ္ပါယ်ရှိစွာဖြင့် အနှစ်သာရပြည့်ဝစွာ ကျင်းပနိုင်ရေးလိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင်ပါဝင်သောဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေအစီအစဉ်(ငွေလုံးငွေရင်း)အသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၏ ပထမ(၆)လပတ် (ဧပြီလမှ (စက်တင်ဘာလကုန်အထိ) အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

ထိုသို့လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ပထမ(၆)ပတ်ကုန်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေတင်ပြချက်တွင် ရာခိုင်နှုန်းအနည်းငယ်သာ ဖြစ်ပေါ်သေးသည့် လုပ်ငန်းများရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့အစည်းအဝေးတွင် လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ နှောင့်နှေးကြန့်ကြာမှုများ၊ အခက်အခဲများရှိပါက တင်ပြပေးရန်နှင့် ဘဏ္ဍာရေးကုန်ဆုံးချိန်တွင် ရာနှုန်းပြည့်ပြီးစီးရေး ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိပါက တင်ပြပေးကြစေလိုကြောင်း၊ လုပ်ငန်းစီမံကိန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ အချိန်မီပြီးစီးအောင် တာဝန်ယူဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စီမံကိန်းများနှင့် ဆောင်ရွက်မှုအခြေအနေများအပေါ် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေးရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်အမ်ဂျာရော်က ပထမ(၆)လပတ်အတွင်း စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင် ရွက်မှုမရှိသေးသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန၊ အဖွဲ့အစည်းများက ငွေလုံးငွေရင်း အသုံးစရိတ်ရန်ပုံငွေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် အခက်အခဲများကို လုပ်ငန်းစီမံကိန်းအလိုက် အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များအပေါ် အလေးထားလိုက်နာပြီး သတ်မှတ်ချိန်ပြီးစီးအောင် တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ကြရေးမှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)