၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ(၁.၄၂၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၄,၉၃၀)သန်း တိုးတက်ဝင်ရောက်ခဲ့

ပဲခူး နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ()ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(/၂၀၂၅) ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်တွင်း/ပြည်ပ အကြီးစားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းအမျိုးအစား ()ခုရှိပြီး စက်မှုကဏ္ဍတိုးတက်မှုနှင့်အတူ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍများလည်း ရင်းနှီးမြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံပြီး ပြည်ပသို့ ကုန်ချောပစ္စည်း တင်ပို့နိုင်ရန်အတွက် ဒေသတွင်းကုန်ကြမ်းပစ္စည်းများ၏ ထုတ်လုပ်မှုအရည်အသွေးကို ခေတ်နှင့်အညီ MSME လုပ်ငန်းများဘက်စုံမြှင့်တင်ပေးသွားရမှာဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပြည်တွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားရမှာ ဖြစ်ကြောင်း၊ ဒေသတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ဝါများအား အဆင့်မြင့်ချည်အဖြစ်ထုတ်လုပ်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် CMP အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ဈေးကွက်တစ်ခု ဖန်တီးပေးသွားရမှာဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတိုးချဲ့လုပ်ကိုင်ခြင်းသည် ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အကျိုးဖြစ်ထွန်းစေသော်လည်း စက်ရုံများရှိ စွန့်ပစ်ပစ္စည်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားစစ်ဆေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်မှသာ ထိုက်သင့်သည့် လုပ်ခလစာရရှိမှာဖြစ်၍ အသက်မွေးပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ပေးခြင်းများ အားပေးမြှင့်တင်ပေးသွားရမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်()ခု၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုလုပ်ငန်းသစ်()ခု တိုးတက်ဝင်ရောက်လာမှုနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ သက်ဆိုင်သည့် အမှုတွဲများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ တိုးတက်စေရေးနှင့် ရှိပြီးသား လုပ်ငန်းများ ဆက်လက်ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တင်ပြသည့်အမှုတွဲပါ လုပ်ငန်းတစ်ခုချင်းအလိုက် ဥပဒေနှင့်အညီ ဖြေရှင်းဆုံးဖြတ်ပေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ()ရက်နေ့မှစ၍ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂၁၄.၅၃၂၈)သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၂၃၄၁၁၁.၇၇၁)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း(၁၅၆၁၉)ဦး ဖန်တီးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(.၄၂၅)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ငွေကျပ်(၄၉၃၀)သန်း တိုးတက်ဝင်ရောက်ခဲ့ကာ ဒေသတွင်းအလုပ်အကိုင် အခွင့်အလမ်း(၁၂၈၅)ဦး ရရှိခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)