အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်ရှိ နံ့သာကုန်းစက်ဘီးဝန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

အင်းစိန်   နိုဝင်ဘာ  

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက နံ့သာကုန်းစက်ဘီးဝန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်လတ် ဦးဆောင်၍  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေးရန် စက်ဘီးဝန်းတာဝန်ခံတို့နှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ရမည့် အချက်အလက်များ၊ ကားများအဝင်၊ အထွက်လမ်းအဆင်ပြေစေရေး၊  ဟောင်းနွမ်းဆွေးမြေ့နေသည့် ဝါယာကြိုးများအား လဲလှယ်အသုံးပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)