ဂန့်ဂေါ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ မီးဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုဂ္ဂလိကပိုင် နေလအထွေထွေရောဂါကုဆေးရုံအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဂန့်ဂေါမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ ဒေါ်တင်တင်မူ၏ R-C (၃) ထပ် နေလအထွေထွေရောဂါကုဆေးရုံတွင် ဆေးရုံမီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ဆေးရုံတွင် တပ်ဆင်ထားသော မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများအား စစ်ဆေးခြင်း၊ မီးဘေးနှင့် သဘာဝဘေးများ ကြုံတွေ့လာပါက ဆေးရုံရှိလူနာများအား ဘေးအန္တရာယ်လွတ်ကင်းရာသို့ အချိန်နှင့်တစ်ပြေးညီ ရွှေ့ထုတ်နိုင်ရေး အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ သဘောထားများ အကြံပြုခြင်း၊ ဆေးရုံရှိဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း