ဝါးခယ်မ နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ယနေ့နံနက် ၉ နာရီက ဝါးခယ်မမြို့နယ် ကျုံမငေးမြို့သို့ ကွင်းဆင်းကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြောင်းမြခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာဇော်မင်းသိုက် ဦးဆောင်သည့် မျက်စိအထူးကု၊ သွားဘက်ဆိုင်ရာအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ အရိုးအထူးကု၊ ခွဲစိတ်အထူးကု၊ ဓာတ်မှန်၊ အထွေထွေရောဂါနှင့် ကလေးအထူးကု၊ သွားဖွားမီးယပ်၊ အရေပြားအထူးကုဆရာဝန်ကြီးများက ကျုံမငေးမြို့နှင့် အနီးအနားရှိ ငှက်ကျကျေးရွာ၊ ပိုက်တန်းကျေးရွာ၊ ဘိုးဘေးအညာစုကျေးရွာ၊ ဘဲချောင်းကျေးရွာ၊ လက်ခုတ်ကျေးရွာ၊ မြို့ချောင်းကြီး ကျေးရွာအပါအဝင် ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသမှု လုပ်ငန်းများကို တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ပြီး ဝါးခယ်မမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)