နတ်မောက် နိုဝင်ဘာ ၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်၊ ဗလငါးတန်ဖွံဖြိုးရေး ကျောင်းသားလူငယ်များကို နှုတ်မှုစွမ်းရည်များပြည့်ဝစေရန်ဆောင်ရွက်ခြင်းနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့ပေါ်ရှိအခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်းတို့မှ အထက်တန်းအဆင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင် “နိုင်ငံသာယာဝပြောဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို” ခေါင်းစဥ်နှင့် “ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တစ်မျိုးသားလုံးညီညွတ်စို့” စသည့်ခေါင်းစဥ်များဖြင့် အသီးသီးယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါအမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တို့မှ ကျောင်းသား/သူ(၉)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာ ဆုရရှိသည့်ကျောင်းသား/သူများကို နိုဝင်ဘာ(၁၄)ရက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း