ရေဖြူမြို့နယ်၊ ပုလဲကူ-ရေဖြူ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်

ထားဝယ် နိုဝင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၏ကြီးကြပ်မှုဖြင့် ရေဖြူမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပုလဲကူ-ရေဖြူလမ်း ၁/၆ မိုင်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများက လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ရေဖြူမြို့နယ် ပုလဲကူ-ရေဖြူလမ်း ၁/၆ မိုင်ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီဆောင်ရွက်ပြီးစီးနိုင်ရေးတို့အတွက် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်