အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိပြည်သူများ မဲပေးနိုင်ရေး၊ မဲစာရင်းပြည့်စုံမှန်ကန်စေရေးနှင့် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးတို့အတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ပြန်လည်စိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ကြသည်။
Nov 10,2025
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများအနေဖြင့် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုသီးနှံပင်ဖြစ်သည့် နနွင်းကိုလည်းအသက်မွေးဝမ်းကြောင်းမှုအဖြင့်အဓိကစိုက်ပျိုးလုပ်ကိုင် ခဲ့ကြသည်။ သံတောင်ကြီးဒေသထွက် နနွင်းများဈေး ကောင်းရရှိခြင်းကြောင့် ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်လာပြီး နနွင်းပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Nov 10,2025
ရှမ်းပြည်နယ်‌တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲစာရင်းများဖောင်းပွမှုမရှိစေရေး မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို  ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
Nov 10,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊‌ လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် (ပထမ)အကြိမ် မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ (ဒုတိယ)အကြိမ် မဲဆန္ဒရှင်စာရင်း ထပ်မံကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများ မှန်ကန်စေရေးအတွက် စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပူး‌ပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Nov 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းစိစစ်ခြင်းကို နောက်ဆုံးနေ့စိစစ်ခြင်းအနေဖြင့် ယနေ့နံနက် (၁၀)နာရီက မြို့နယ်ကော်မရှင်ရုံးတွင် ဆောင်ရွက်ကြကြောင်းသိရသည်။
Nov 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားကာ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်းနှင့် ဒါန်းတိုင်ကျေးရွာ ဦးမင်းမင်း စိုက်ပျိုးထားသော ငရုတ်စိုက်ခင်းများ အောင်မြင်လျက်ရှိကြောင်း သိရသည်။
Nov 10,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို မူဆယ်မြို့ မိုးလုံလေလုံအားကစားခန်းမတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။