အမြို့မြို့အနယ်နယ်သတင်းများ

Nov 10,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က အနော်ရထာခန်းမ၌ စစ်ဆေးဆောင်ရွက်ခဲ့သည်။
Nov 10,2025
တမူးမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ (၈) ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့မအုပ်စု ၂၅၅ (A) ကွင်းရှိ တောင်သူ ဦးတင်ဆိုင်၏ ဦးပိုင်အမှတ်-၃၇တွင် စိုက်ပျိုးထားသော မှော်ဘီ (၂) စပါးမျိုးစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး (၀.၁၀) ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာ (၁၂) တင်းထွက်ရှိ၍ တစ်ဧက(၁၂၀)တင်း (အစို) ထွက်ရှိခဲ့သည်။
Nov 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံဧက ၁၀၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
Nov 10,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၏ (၃၃) နှစ်မြောက်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိဘက်စုံသုံးခန်းမတွင် ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပါမောက္ခဌာနမှူများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ စာတမ်းရှင်များ တက်ရောက်ကြသည်။
Nov 10,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးမင်းတို့ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူလူထုများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ကျောင်းဥပဓိရုပ်ကောင်းမွန်စေရန် ကျောင်းတွင်း၊ ကျောင်းပြင် ရှင်းလင်းဆောင်ရွက်ထားရေး၊ နှစ်ရှည်ပင်များအား အလင်းဖွင့်ခြင်း၊  ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများစနစ်တကျဆောင်ရွက်ရေး၊  ရေဝပ်သည့်နေရာများအား ရေများဖောက်ထုတ်ခြင်း၊ သဲ၊ ကျောက်များခင်းခြင်းတို့ကို ဆောင်ရွက်ရန် မှာကြားကာ ကျောင်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် မတည်ငွေများ ပေးအပ်ပြီး ဆန်နှင့်စားသုံးဆီများ၊ အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်  ရောင်းချပေးနေမှုအား ကြည့်ရှုအား‌ပေးခဲ့‌သည်။
Nov 10,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။
Nov 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မဲစာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းများကို နိုဝင်ဘာလ ၇ ရက်နေ့က စတင်၍ မြို့နယ်နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြသည်။
Nov 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၈) ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။