သာပေါင်းမြို့နယ်တွင် မဲစာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်လျက်ရှိ

သာပေါင်း နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မဲစာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ ပြည့်စုံမှန်ကန်စေရေး စိစစ်ခြင်းများကို နိုဝင်ဘာလ ၇ ရက်နေ့က စတင်၍ မြို့နယ်နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ပြည်အေးခန်းမ၌ ဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ မဲစာရင်းများ ဒုတိယအကြိမ်ကြေညာခြင်းမပြုမီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန် စိစစ်နိုင်ရေး ပထမအကြိမ် ကပ်ထားကြေညာသည့် မဲစာရင်း မိတ္တူ၊ ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက် လျှောက်ထားတင်ပြထားရှိမှု စာရင်း၊ ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်း မူကြမ်းများနှင့် တိုက်ဆိုင်စိစစ်ခြင်းများကို ( ၇၊၁၁၊၂၀၂၅ ရက်နေ့မှ ၁၀၊၁၁၊၂၀၂၅ )ရက်နေ့အထိ  ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

သာပေါင်း ပြန်/ဆက်