အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2025
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ကြီးမှူးကျင်းပသည့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်စီးပွားရေးအခွင့်အလမ်းများဆွေးနွေးပွဲကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ပြည်နယ်ခန်းမ၌ နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲတက်ရောက်လာသူများ၏ ရင်တွင်းစကားသံများအား အခုလို မေးမြန်ထားပါတယ်။ 
Nov 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌  မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သာ အခြေခံရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ခြင်းကို နိုဝင်ဘာလ(၁၄)ရက်နေ့နံနက် ၉ နာရီ အချိန်အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
Nov 16,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဘုန်းတော်ကြီး ဦးစီးပဓာနနာယက “နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် နိုင်ငံတော်ဝိနည်းမိုရ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီး ဘဒ္ဓန္တဝါယာမ ဦးစီးတည်ထောင်အပ်သော “မွေးမေ့နို့ရည်ဘဏ်တိုက်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၈) နာရီအချိန်က သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဆရာ၊ ဆရာမများ သင်ကြားရေးအရည်အသွေးမြင့်မားစေရေးရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်(မွမ်းမံ)သင်တန်းကို နိုဝင်ဘာ ၁၄ ရက်နေ့မှစ၍ ဖွင့်လှစ်လျက်ရှိသည်။
Nov 16,2025
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တရုတ်ဘာသာစကားသင်တန်း (MMKM Chinese Language Center) တို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပ​သည်။
Nov 16,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပသည်။
Nov 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့တွင် သင်ကြားလျက်ရှိသော  ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၁၀ နာရီက စတင်ကျင်းပပြုလုပ်ခဲ့သည်။