တမူး နိုဝင်ဘာ ၁၀
တမူးမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ (၈) ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့မအုပ်စု ၂၅၅ (A) ကွင်းရှိ တောင်သူ ဦးတင်ဆိုင်၏ ဦးပိုင်အမှတ်-၃၇တွင် စိုက်ပျိုးထားသော မှော်ဘီ (၂) စပါးမျိုးစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး (၀.၁၀) ဧကအား စံကွက်ရိတ်သိမ်းခဲ့ရာ (၁၂) တင်းထွက်ရှိ၍ တစ်ဧက(၁၂၀)တင်း (အစို) ထွက်ရှိခဲ့သည်။
ဆက်လက်၍ မှော်ဘီ(၂) စပါးမျိုး 6'.6"X6'.6" စံကွက်အား စိုက်ပျိုးရေး၊မြေစာရင်း ဝန်ထမ်းများ စုပေါင်း၍ ရိတ်သိမ်းခဲ့ရာ နို့ဆီဗူး (၁၄.၅၀) ဗူးရရှိရာ တစ်ဧက( ၁၁၃.၂၄) တင်း ထွက်ရှိခဲ့ပြီး အထွက်နှုန်းမိတ်ဖက်အရ ကောက်ကွက် (၉၁) ပင်ပွား(၁၀)၊အနှံပါအောင်စေ့ (၁၀၃ )အစေ့တစ်ထောင်အလေးချိန်(၂၈)ဖြင့်တစ်ဧက (၁၂၅.၆၆)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကွင်းသရုပ်ပြပွဲသို့ တမူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ ဒေသခံတောင်သူများ (၇၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရတနာ