အမြို့မြို့အနယ်နယ်သတင်းများ

Dec 10,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက် (၈) နာရီက သဲကုန်းမြို့မဈေးအတွင်း၌ မီးဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့​ကြသည်။
Dec 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင်၊ ရနံ့သိုက်ရေးသားသည့် “ယုံကြည်မှုဖြင့် အောင်မြင်ခြင်း” စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Dec 10,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ အ.ထ.က (၁) ပညာရတနာခန်းမ၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ Grade - 11 နှင့် Grade - 12 တက်ရောက်နေသည့် ကျောင်းသူ၊ ကျောင်းသားများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ဖြစ်ပြီး Grade - 12 ပြီးလျှင် အသက် ၁၈ နှစ်ထဲ ရောက်ရှိမည်ဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံသဘောတရားများကို နားလည်စေရန်၊ အပြည်ပြည်ဆိုင်ရာတွင် လက်တွေ့ကျင့်သုံးပုံများနှင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်  အခြားသိသင့်သိထိုက်သည့် ပြဋ္ဌာန်းချက်များကို သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
Dec 08,2024
မီးဘေးလုံခြုံရေးအထူးကျွမ်းကျင်မှု ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့က မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
Dec 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း စီမံကိန်းသီးနှံဖြစ်သော ဆောင်းဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးဧက (၈၀၀၀)အနက်မှ ဆင်ခေါင်းကျေးရွာ ဆင်ခေါင်း စိုက်/ထွေသ/မအသင်း၊ ကုန်းသာကျေးရွာ၊ နီလာ လယ်/ထွေ သ/မအသင်း၊ ကျောက်စံ ကျေးရွာ၊ စံပြမောင် လယ်/ထွေသ/မအသင်းတို့မှ အသင်းပိုင်ငွေဖြင့် စိုက်ပျိုးထားရှိသည့် သီးသန့်နေကြာ စိုက်ခင်းများဖြစ်ထွန်းနေမှုအခြေအနေများအား ယမန်နေ့က သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 08,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့က ဒေသတွင်း အသား/ဥဖူလုံပိုလျှံစေရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူရောင်းချနိုင်ရေး မွေးမြူရေးခြံများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
Dec 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ် သမဝါယမအသင်းစုမှမြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၉၊ ဦးပိုင်အမှတ် ၁၂၉၊ တောင်သူ ဦးအောင်ဌေး လယ်မြေတွင် ရေဆင်းစပ်မျိုး(၁)နေကြာ စံပြကွက် ၅ ဧက စိုက်ပျိုးပွဲကို  ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
Dec 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ခတ္တူအုပ်စု ရွာသစ်စုကျေးရွာတွင် ဒေသခံပြည်သူများအား ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းကုသမှုများကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။