ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

ကန်ကြီးထောင့် နိုဝင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ (၈) ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဌေးမင်းက အဖွင့်အမှာစကာပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာခြင်းမပြုမီ မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး စိစစ်နိုင်ရန်ကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် ကြေညာချက်ထုတ်ပြးခြင်းတို့နှင့်စပ်လျဥ်း၍ ကြေညာချက်ထုတ်ပြန်ခြင်းအပေါ်  ချပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)