မိုင်းကိုင် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲစာရင်းများဖောင်းပွမှုမရှိစေရေး မဲစာရင်းစိစစ်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ တို့နှင့်အညီ ၁၅-၁၁-၂၀၂၅ ရက်နေ့မှ ၂၈-၁၁-၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုများတွင် (ဒုတိယ)အကြိမ် ကပ်ထားကြေညာမည်ဖြစ်သည့်အတွက် မိုင်းကိုင်မြို့နယ်ရှိ မဲစာရင်းများကို (ဒုတိယ)အကြိမ် ကြေညာခြင်းမပြုမီ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရှိနိုင်ငံရေးပါတီများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ မိုင်းကိုင်မြို့နယ်ရှိ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းစိစစ်မှုများကို ၈-၁၁-၂၀၂၅ ရက်နေ့မှ ၁၀-၁၁-၂၀၂၅ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)