မူဆယ် နိုဝင်ဘာ ၁၀
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို မူဆယ်မြို့ မိုးလုံလေလုံအားကစားခန်းမတွင် ယမန်နေ့ညနေ ၃ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို မူဆယ်မြို့ပေါ်ရှိ အခြေခံပညာအလယ်တန်း၊ မူလတန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသားကျောင်းသူများအား ကြံ့ခိုင်သန်မာပြီး ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကာ အလယ်တန်းအဆင့် ၁၃ ကျောင်းနှင့် မူလတန်းအဆင့် ၁၃ ကျောင်းတို့က ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အခမ်းအနားတွင် အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆုရကျောင်းသားကျောင်းသူလေးများက ပြန်လည်ဖျော်ဖြေပေးခဲ့ကြသည်။
ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် နှစ်သိမ့်ဆု၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသည့် အသင်းများအား ဒိုင်းဆုနှင့် တစ်ဦးချင်း ဆုဆံဆိပ်များကို တာဝန်ရှိသူများက အသီးသီး ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားသို့ မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆင့်/မြို့နယ်ဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရာက်ခဲ့ကြောင်းသိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)