အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရေးအတွက် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ပြုလုပ်သည်။
Nov 19,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကလေးများကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နောင်မွန်းမြို့နယ် အခြေခံပညာမူလတန်းအဆင့် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပ‌ကြောင်း သိရသည်။    ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇီနန်းရမ်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်ကလေးများအ‌နေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန် အားပေးအမှာစကားပြောကြားကာ အ.ထ.ကနောင်မွန်း၊ အ.မ.က(၁)၊ အ.မ.က(နန်ပန်ဒမ်း)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး အဖွင့်ပွဲစဉ်ကို အ.ထ.က(နောင်မွန်း)နှင့် အမက(နန်ပန်ဒမ်း)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့သည်။
Nov 19,2025
‎၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီမှစ၍ ထားဝယ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးရှိ တတိယအထပ်တွင် စတင်ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။
Nov 19,2025
(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ KMA‌ ဟော်တယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊‌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှတာဝန်ရှိသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကလေးသူငယ်များနှင့်မိဘများ တက်ရောက်ကြသည်။
Nov 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကဇန်းလမိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ရိုးကြီးကျေးရွာအခြေခံပညာမူလတန်း‌ကျောင်း၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Nov 19,2025
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် တက္ကသိုလ်/ကောလိပ် တက်ရောက်ကြမည့်ကျောင်းသားများ ကြိုတင်မဲပေးနေမှုကို နို၀င်ဘာ ၁၈ နေ့နံနက် ၁၀ နာရီမှ စတင်ကာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာရှိ သတ်မှတ်မဲရုံအသီးသီးတွင် လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။