မင်းလှ နိုဝင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ စောရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲရုံး ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ခိုင်တို့က ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ရပ်ကွက်/ကျေးရွာလုပ်ငန်းလမ်းညွှန်ချက်များအား နံနက် (၉) နာရီမှ ညနေ (၄) နာရီချိန်ထိ (၂) ရက်ကြသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ (၅၇) အုပ်စုမှ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစုစုပေါင်း (၁၁၄) ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)