Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရှိ ကျောင်းများတွင် တက်ရောက်ကြမည့်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး
Nov 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် နေထိုင်ကြပြီး မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒနယ်ပြင်ပသို့သွားရောက်၍ ကျောင်းတက်ကြမည့် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများသည် မိမိတို့၏မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် ရသစုံလင်စာဥယျာဉ် စာအုပ်မိတ်ဆက်ပွဲ ကျင်းပ
Nov 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာမောင်သွေးသစ်၊ စာရေးဆရာဟိန်းလတ်၊ စာရေးဆရာအောင်သျှန်ဝိုင်း(ကျိုက်မရော)၊ စာရေးဆရာဆောင်းဝင်းလတ်၊ စာရေးဆရာနေခြည်နု(ရေနံချောင်း)၊ ကောင်းကျော်(စီးပွားရေးတက္ကသိုလ်) ရေးသားထားသော ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်များနှင့် ကာတွန်းဝင်းအောင်နှင့်ကိုရွှေထူး(ပြည်) တို့ရေးဆွဲထားသောကာတွန်းများ ပါဝင်သော ရသစုံလင် စာဥယျာဉ် စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စာသင်ဆောင်သစ်တည်ဆောက်နေမှုအခြေအနေများ က…
Nov 19,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စာသင်ဆောင်အသစ် တည်ဆောက်နေမှုအခြေအနေများကို နိုဝင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း အိမ်မဲမြို့၌ မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းသင်ကြားနေမှုအား ကြည့်ရှုအားပေး
Nov 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးဆောင်ကျင်းပသော မဲရုံမှူး၊ ဒုမဲရုံမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းမှစ၍ သင်ကြားလျက်ရှိရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း နှင့်အဖွဲ့သည့်သင်တန်းသင်ကြားမှုအား ကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးခဲ့ခံရသည့် အိမ်ထောင်စုများအား ပလတ်စတစ်ပုံးများပေးအပ်
Nov 19,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဘုရင့်နောင်ရပ်ကွက်တွင် မန္တလေးမြေငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးခဲ့ခံရသည့် အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပလတ်စတစ်ပုံးများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသဦးစီးအဖွဲ့နှင့် ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ(၁၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 19,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသဦးစီးအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၀င်များ၊ ဒေသအဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၂/၂၀၂၅)ကို ယနေ့နံနက် ၁၀ နာရီအချိန်က နာဂဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ညောင်တုန်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ
Nov 19,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့်အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတွက် အသိပညာပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာ ကိစ္စရပ်များ၊ မဲပေးစက် သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များ မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်မြို့ ဇောတိကုန်းကျေးရွာအုပ်စု၊ ဇောတိကုန်းကျေးရွာတွင် တက္ကသိုလ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူ(၁)ဦးက ကြိုတင်ဆန္ဒမဲပေး
Nov 19,2025
ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ ဇောတိကုန်းကျေးရွာနေ တက္ကသိုလ်၊ ကောလိပ်ကျောင်းသား/သူ(၁)ဦးက ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီတွင် မဲရုံအမှတ်(၆၄)တွင် ကြိုတင်ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2448
Page
2449
Page
2450
Page
2451
Current page
2452
Page
2453
Page
2454
Page
2455
Page
2456
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department