Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းခရိုင်အတွင်း မတ်ပဲနှင့်အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်
Nov 19,2025
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မှဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ၁၈ရက် နံနက်ပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပသည့် ကော့သောင်းခရိုင်အတွင်း ဆောင်းသီးနှံမတ်ပဲနှင့်အစေ့ထုတ်ပြောင်းစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ပွဲသို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှပြုလုပ်သော After Lunch Tooth Brushing Activity အခမ်းအနား ကျင်းပ
Nov 19,2025
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်သော After Lunch Tooth Brushing Activity အခမ်းအနားကို အမှတ် (၉) ရပ်ကွက်၊ အောင်ဇေယျလမ်းမကြီးရှိ အ.ထ.က(မြို့မ) ကျောင်းတွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 19,2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်မှ ကျင်းပသော သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းနှင့် အဖွဲ့ (သန်လျင်) မြို့နယ် ပုဂ္ဂလိကပိုင် ဆေးရုံများအား စစ…
Nov 19,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဆရာကြီး ဒေါက်တာနန္ဒဝင်းဦးဆောင်၍ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်း၊ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာချောနန္ဒီ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသီရိရွှေစင်၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းက သန်လျင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးရုံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် တွေ့ဆုံ
Nov 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သာသနာ့ဗိမာန်တော်၌ ယနေ့နံနက် ၉ နာရီအချိန်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်၌ တက္ကသိုလ်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
Nov 19,2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ကျောင်းသား/သူများအနက် မဲဆန္ဒနယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အသီးသီးသို့ တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပ သွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/သူ များ ကြိုတင်ဆန္ဒမဲပေး
Nov 19,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်း နေထိုင်ကြပြီး မဲဆန္ဒနယ်ပြင်ပသွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်ကျောင်းသား/သူများသည် မိမိတို့၏ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စီစဉ်ဆောင်ရွက်သည့် ကြိုတင်ဆန္ဒမဲလက်မှတ်ကို ထုတ်ယူကာ ကြိုတင်ဆန္ဒမဲပေးဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်လူငယ်စင်တာ၌ ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်
Nov 19,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အခြေခံအကျဆုံးအခန်းကဏ္ဍတွင် တာဝန်ယူဆောင်ရွက်ကြမည့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သောလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဘားအံမြို့ ကရင်ပြည်နယ်လူငယ်စင်တာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2446
Page
2447
Page
2448
Page
2449
Current page
2450
Page
2451
Page
2452
Page
2453
Page
2454
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department