ရေဦးတွင် တက္ကသိုလ်‌/ကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများ ကြိုတင်မဲ စတင်ပေး

ရေဦး နို၀င်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် တက္ကသိုလ်/ကောလိပ် တက်ရောက်ကြမည့်ကျောင်းသားများ ကြိုတင်မဲပေးနေမှုကို နို၀င်ဘာ ၁၈ နေ့နံနက် ၁၀ နာရီမှ စတင်ကာ သက်ဆိုင်ရာရပ်ကွက်ကျေးရွာရှိ သတ်မှတ်မဲရုံအသီးသီးတွင် လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကျေးကော်မရှင်အဖွဲ့တို့မှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်အချိန် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂) အုပ်စုတို့မှ တက္ကသိုလ်/ကောလိပ်တက်ရောက်ကြမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်မိမိမဲစာရင်းပါရှိရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် ၁၈-၁၁-၂၀၂၅ ရက်နေ့မှ၂၁-၁၁-၂၀၂၅ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်နှင့် ကျောင်းသားကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးရာ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူ အောင်ဆန်းရပ်ကွက် (၅) ဦး၊ ဗိုလ်အောင်ဇေယျရပ်ကွက် (၄) ဦး၊ ရွှေပြည်သာရပ်ကွက် (၃) ဦး၊ အောင်ချမ်းသာရပ်ကွက် (၂) ဦး၊ အောင်မင်္ဂလာရပ်ကွက် (၂) ဦး၊ စုစုပေါင်းကျောင်းသား/ ကျောင်းသူ ၁၆  ဦး လာရောက်မဲပေးခဲ့ကြောင်း သိရသည်။

သန်းသန်း(ရေဦး)