လောင်းလုံး နိုဝင်ဘာ ၁၉
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ကြမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရေး ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီမှစ၍ ထားဝယ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးရှိ တတိယအထပ်တွင် စတင်ကြိုတင်မဲပေးခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးမည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်သည့် လောင်းလုံးမြို့နယ် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် (သို့) ကျောင်းဝင်ခွင့် အထောက်အထားများပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
အဆိုပါကြိုတင်ဆန္ဒမဲပေးခြင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်/အတွင်းရေးမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ရာ ဆန္ဒမဲပေးပြီးသည့် မဲပုံးများကို တာဝန်ရှိသူများက လုံခြုံစွာထိမ်းသိမ်းထားရှိကြောင်း သိရသည်။
သိန်းသိန်း