အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 11,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း(မိုးထိ)ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် (၉) နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် လက်​တွေ့သရုပ်ပြပွဲ ကျင်းပခဲ့သည်။
Dec 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီက အမှတ် (၃) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြုလုပ်ခဲ့သည်။
Dec 11,2024
SME- Development Bank အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်(မကွေးဘဏ်ခွဲ) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
Dec 11,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် မီးသတ်ဦးစီးဌာနမှဦး‌ဆောင်၍ လူငယ်ရေးရာ လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မိုင်းခတ်မြို့နယ်၊‌ နောင်ဖူကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းတို့ကို ယမန်နေ့ နေ့လယ် ၂ နာရီက မိုင်းဆတ်မြို့ မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။