အမြို့မြို့အနယ်နယ်သတင်းများ

Dec 11,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးဆွေးနွေးပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယမန်နေ့ နေ့လယ် (၁) ခွဲနာရီက တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊‌ ခမောက်ကြီးမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများက အသက် ၅ နှစ်မှ ၇နှစ်အတွင်း ကလေးများအား ဆုံဆို့မေးခိုင်ကာကွယ် ဆေးထိုးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော ကျောင်းသူများအား (HPV)သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က အ.ထ.က ခမောက်ကြီးကျောင်းနှင့် မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။
Dec 11,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြပွဲ ကျင်းပခဲ့သည်။
Dec 11,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မေသရဖူလှုမှုပရဟိတအသင်းမှ ကျင်းပပြုလုပ်သော အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်မရောမြို့ရသေ့ကျောင်းတိုက်၌ ကျင်းပသည်။
Dec 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်  (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Dec 11,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် လူမှုရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဆယ်အိမ်စုမှူး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Dec 11,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ထောင်မှူးချောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်၌ ကျောင်းသား၊ ကျောင်းသူများကို (၇၇)နှစ်မြောက် လွတ်လပ်​ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောခြင်း၊ လွတ်လပ်​ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။