နောင်မွန်း နိုဝင်ဘာ ၁၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကလေးများကာယဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နောင်မွန်းမြို့နယ် အခြေခံပညာမူလတန်းအဆင့် မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။ ဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇီနန်းရမ်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲဝင်ကလေးများအနေဖြင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန် အားပေးအမှာစကားပြောကြားကာ အ.ထ.ကနောင်မွန်း၊ အ.မ.က(၁)၊ အ.မ.က(နန်ပန်ဒမ်း)ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး အဖွင့်ပွဲစဉ်ကို အ.ထ.က(နောင်မွန်း)နှင့် အမက(နန်ပန်ဒမ်း)အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ (၄၅၀)ခန့် တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲတွင်မြို့နယ်အတွင်း ကျောင်းများမှ ဘောလုံးအသင်း(၁၁)သင်းကို အုပ်စုနှစ်စုခွဲကာ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)