Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Dec 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် (၈) နာရီအချိန်မှစတင်၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်တွင် (၇၇) နှစ်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ
Dec 23,2024
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အတတ်ပညာသာမက အသိပညာဗဟုသုတများ ရှာမှီးနိုင်ရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်များ ဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုသူများ ဖြစ်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနဖြင့်ပူးပေါင်းကာ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဒီဇင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဟိုပုံးမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး
Dec 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏စီစဥ်မှုဖြင့် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ လူနာစောင့်များ နားနေဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရတနာပုံတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘာသာရပ်မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ
Dec 23,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ် (နေ့သင်တန်း) ဘာသာရပ်အသီးသီး၌ တက်ရောက်ပညာသင်ကြားနေသည့် မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲ၊ ဘာသာရပ်မိတ်ဆက်ပွဲ၊ ပညာရပ်အထောက်အကူပြု စာအုပ်ပြပွဲနှင့် ပိုစတာပြပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၀ ရက် နေ့လည် ၁ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာခင်မော်မော်စိုး၊ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ မော်ကွန်းထိန်း (စာမေးပွဲနှင့်ဘွဲ့နှင်းဌာန)၊ လက်ထောက်မော်ကွန်းထိန်း (အဝေးသင်-သင်တန်း)၊ စာကြည့်တိုက်မှူးနှင့် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူ မောင်မယ်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကြက်ဥများချီးမြှင့်ပေးအပ်
Dec 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုသိမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကြက်ဥများကို အဆိုပါ ဘဏ်ရှေ့၌ ယနေ့နံနက်ပိုင်းက ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့နယ် အ.ထ.က(၁)ကျောင်း ၁၉၉၇-၁၉၉၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား/သူများ ဆဋ္ဌမကြိမ်မြောက် ဆရာကန်တော့ပွဲ ကျင်းပ
Dec 23,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ၁၉၉၇-၁၉၉၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် ဆရာကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့၌ IBEC-KBU Buddhist University ၏ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် သုတေသနစာတမ်း နှီးနှောဖလှယ်ပွဲကျင်းပ
Dec 23,2024
စစ်ကိုင်းမြို့၊ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)၊ IBEC-KBU Buddhist University ၏ ဒုတိယအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားနှင့် သုတေသနစာတမ်း နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာလ (၂၁) ရက်၊ နံနက် (၈) နာရီခွဲအချိန်က အဆိုပါကျောင်း ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်
Dec 23,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ခရိုင်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2431
Page
2432
Page
2433
Page
2434
Current page
2435
Page
2436
Page
2437
Page
2438
Page
2439
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department