အမြို့မြို့အနယ်နယ်သတင်းများ

Nov 22,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ၏မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့နံနက်ပိုင်းမှစ၍ လွိုင်လင်မြို့နယ် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
Nov 22,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်ကျေးရွာရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Nov 22,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာမှုအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
Nov 22,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် နိုဝင်ဘာလ ၂၂ ရက်၊ နံနက် ၉ နာရီက ပျော်ဘွယ်မြို့သို့ရောက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှု၊ မဲပေးစက်များ ရောက်ရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲသို့ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
Nov 22,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်က သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ ကွင်းအမှတ် (၆၄၆) ဦးပိုင်အမှတ် ၆/၁ တောင်သူ ဦးသာဆန်း၏ ပေါ်ဆန်းရင်စပါးစံပြစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း အစည်းဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက E-Government အထောက်အကူပြု အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။