ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားမှုအား တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ကွင်းဆင်းကြည့်ရှု

ဒဂုံတောင် နိုဝင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မကြာမီကျင်း ပပြုလုပ်မည့် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့်အဖွဲ့သည် ခရိုင်ရွေးကောက်ပွဲအရာရှိနှင့် အဖွဲ့လိုက်ပါကာ  နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်က ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထာားမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်းသိရသည်။

ထိုသို့ကွင်းဆင်း‌စစ်ဆေးရာတွင် ရန်ကုန်တိုင်း‌ ‌ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်ကျော်နှင့်အဖွဲ့၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးစိုးစိုးလွင်နှင့်အဖွဲ့တို့က   ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၅)ရပ်ကွက်၊ လောင်းလုံလမ်း၊ ပုညကုသလဓမ္မာရုံရှိ ရပ်ကွက်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုကို ကြည့်ရှုစစ်ဆေးပြီး  လိုအပ်သည်များလမ်းညွှန်မှာကြားကြောင်း သတင်းရရှိသည်။

 သန်းသန်းအေး(ဒဂုံတောင်)