ဖယ်ခုံ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဖယ်ခုံမြို့အတွင်းရှိသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ ကြေညာဘုတ်များ၌ ကပ်ထားကြေညာထားကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်အတွက်မဲရုံ(၈)ရုံ၊ ကျေးရွာအုပ်စုတွင် မဲရုံ(၂)ရုံနှင့် တပ်မဲရုံ (၂) ရုံ စုစုပေါင်း (၁၂) ရုံရှိပြီး ပြည်သူများအား ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အတွက် မိမိတို့အမည်စာရင်းပါ/မပါ သွားရောက်ကြည့်ရှုကြရန် သက်ဆိုင်ရာ တာဝန်ရှိသူများက နှိုးဆော်တိုက်တွန်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေ၊ မြို့နယ်ကော်ရှင်အဖွဲခွဲဥက္ကဌဦးမောင်သင်နှင့် အဖွဲ့ဝင် များက ရပ်ကွက်/ကျေးရွာများအလိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌ (၂၁-၁၁-၂၀၂၅) ရက်နေ့မှ (၄-၁၂-၂၀၂၅) ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)